Paris Travel က ဘာဝန်ဆောင်မှုတွေပေးနေလဲ?
January 10, 2022 တွင် စတင်တည်ထောင်ခဲ့ပြီး အဓိကအားဖြင့် ထိုင်းဗီဇာ နှင့် မြန်မာနိုင်ငံသားများ ထိုင်းနိုင်ငံထဲသို့ အဆင်ပြေစွာဝင်ရောက် လည်ပတ်နိုင်ရန် ဆောင်ရွက်ပေးလျက်ရှိပါသည်။။ ဒါ့အပြင် မလေးရှား၊ UAE အစရှိတဲ့ အခြားနိုင်ငံများအတွက်လဲ ဗီဇာဝန်ဆောင်မှုရှိပါသည်။
Thailand Visa
Tourist Visa, Non-B Visa, Non-O Visa, Non-Ed Visa စသည့် ဗီဇာအမျိုးမျိုးကို မှန်ကန်တိကျစွာနဲ့လျှောက်ပေးပါသည်။
Visa Extension Services
ထိုင်းနိုင်ငံကို Tourist Visa နဲ့ပဲ လာလာ၊ Arrival Visa 14 ရက်နဲ့ပဲ လာလာ ဗီဇာသက်တမ်းတိုးဝန်ဆောင်မှုပေးပါသည်။
Flight Tickets
လူကြီးမင်းတို့အတွက် ဈေးအသက်သာဆုံးနဲ့ အဆင်အပြေဆုံးဖြစ်မဲ့ လေယာဥ်လက်မှတ်ကို ဝိုင်းကူရွေးချယ် ရောင်းချပေးလျက်ရှိပါသည်။
Customer Support
ထိုင်းလေဆိပ် သို့မဟုတ် ထိုင်းနိုင်ငံအတွင်း အခက်အခဲ တစုံတရာရှိပါက ဆက်သွယ် အကူအညီရယူနိုင်ပါသည်။
ဝန်ဆောင်မှုပေးခဲ့ပြီးသော Customer အရေအတွက်
ရောင်းချခဲ့ပြီးသော လေယာဥ်လက်မှတ် အရေအတွက်
ကားအကြိုအပို့လုပ်ပေးခဲ့ပြီးသောခရီးစဥ် အရေအတွက်
လက်ရှိလုပ်ကိုင်နေသော ကျွမ်းကျင်ဝန်ထမ်း
Reviews
To write a review, please visit Paris Travel Facebook. Your honest assessment will be immensely helpful to us and greatly appreciated.
ထိုင်းဗီဇာဈေးနှုန်းများ
Paris Travel မှ ခရီးစဉ်များသည် မည့်သည့် ခရီးသွားကုမ္ပဏီ နှင့်မျှ တွဲစပ်ခြင်း မရှိပဲ Paris Travel ကုမ္ပဏီတစ်ခုတည်းကသာ ဦးစီးလုပ်ဆောင်သောကြောင့် ခရီးစဉ် အရည်အသွေးနဲ့ ဝန်ဆောင်မှု ကောင်းမွန်မှုတို့ကို အထူးအာမခံပါသည်။ Paris Travel သည် အရည်အသွေး ပြည့်ဝသော ခရီးသွား ဝန်ဆောင်မှုများအားလုံးအပေါ်တွင် သင့်တင့်မှန်ကန်သော ဈေးနှုန်းဖြင့်သာ ဝန်ဆောင်မှုပေးနေခြင်း
(တစ်နည်းအားဖြင့် ဈေးမှန်၊ ပစ္စည်းမှန် ဖြင့်သာ ဝန်ဆောင်မှုပေးခြင်း) ဖြစ်ကြောင်းအာမခံပါသည်။
Non-Ed Visa (Thai)
$80 / person
- Appintment ယူဖို့လို
- ကြာချိန် ရုံးဖွင့်ရက် ၃ ရက်
- ဝန်ဆောင်ခ ဒေါ်လာ ၂၅
- သက်တမ်း ၃ လ ရ
- ထိုင်းနိုင်ငံအပြင်ထွက်စရာမလိုပဲ သက်တမ်းထပ်တိုးရ
Tourist Visa (Thai)
$40 / person
- Appintment ယူဖို့လို
- ကြာချိန် ရုံးဖွင့်ရက် ၃ ရက်
- ဝန်ဆောင်ခ ၇၀၀၀၀ ကျပ်
- သက်တမ်း ၂ လ ရ
- ထိုင်းနိုင်ငံအပြင်ထွက်စရာမလိုပဲ သက်တမ်းထပ်တိုးရ
Non-B Visa (Thai)
$80 / person
- Appintment ယူဖို့လို
- ကြာချိန် ရုံးဖွင့်ရက် ၃ ရက်
- ဝန်ဆောင်ခ ဒေါ်လာ ၂၅
- သက်တမ်း ၃ လ ရ
- ထိုင်းနိုင်ငံအပြင်ထွက်စရာမလိုပဲ သက်တမ်းထပ်တိုးရ
မေးလေ့ရှိသော မေးခွန်းများ
အမေးအများဆုံး မေးခွန်းလေးတွေဖော်ပြပေးထားပါတယ်။ တခြား သိလိုတဲ့အကြောင်းအရာများရှိလျှင် Paris Travel သို့ဆက်သွယ်ပြီး လွတ်လပ်စွာ စုံစမ်းမေးမြန်းနိုင်ပါသည်။
-
ထိုင်းအလည် Visa ကို PJ ပတ်စပို့ နဲ့ လျှောက်လို့ရလား?
Visa လျှောက်လို့ ရပါတယ်။ ဒါပေမယ့် Visa ရပြီးတဲ့အချိန် ပြည်ပသို့ထွက်ခွာရာတွင် OWIC ကတ်လိုပါတယ်။
-
ထိုင်းအလည် Visa ကို သွားမဲ့ရက်မတိုင်ခင် ဘယ်နှရက်ကြိုလျှောက်ထားလို့ရလဲ?
သွားမဲ့ရက်မတိုင်ခင် ၃လ ကြိုလျှောက်လို့ရပါတယ်။ လျှောက်ပြီး ၃လအတွင်း မသွားဖြစ်ရင် အသစ်ထပ်လျှောက်လို့ရပါတယ်။
-
ထိုင်းအလည် Visa ရဖို့ ဘယ်နှရက်စောင့်ရလဲ?
သံရုံးဝင်ပြီးနောက် ရုံးဖွင့်ရက် ၂ရက်မြောက်နေ့ (ဥပမာအားဖြင့် တနင်္လာနေ့တွင်လျှောက်ထားပါက ဗုဒ္ဓဟူးနေ့)တွင် လာရောက်ထုတ်ယူနိုင်ပါသည်။
-
ထိုင်းနိုင်ငံသွားမယ်ဆိုရင် Show Money ဘယ်လောက်ပြရလဲ?
လူတိုင်းကို မစစ်ပေမယ့် စစ်တဲ့အခါ ဘတ်၂သောင်းပြနိုင်ရမယ် လို့သတ်မှတ်ထားပါတယ်။ Paris Travel မှာ Show Money ပြပေးတဲ့ဝန်ဆောင်မှု ရှိပါတယ်။
-
ထိုင်းနိုင်ငံကိုရောက်ရင် Visa သက်တမ်းထပ်တိုးလို့ရလား?
၁၄ ရက် Arrival နဲ့လာရင် E-Extension(အများဆုံး ၃ ကြိမ်)၊ Tourist Visa နဲ့လာရင် Walk-in(အများဆုံး ၂ ကြိမ်) တိုးလို့ရပါတယ်။ Paris Travel မှာ Visa သက်တမ်းတိုးပေးတဲ့ဝန်ဆောင်မှု ရှိပါတယ်။
ဆက်သွယ်ရန်
ရန်ကုန် နှင့် ဘန်ကောက်တွင် ရုံးခွဲရှိပြီး အကောင်းမွန်ဆုံး ဝန်ဆောင်မှုပေးရန် စောင့်ကြိုလျက်ရှိပါသည်။